ရေးသားသူ : Anonymous Sunday, January 18, 2015

Rootဆိုတာဘာလဲ

Rootဆိုတာမြန်​မာလိုအမြစ်​တူးခြင်းလို့
အဓိပ္ပါယ်​ရပါတယ်​။ဥပမာ​ပြောရရင်​ကျားကိုအ​တောင်​ပန်​တပ်​​ပေးတာပါ။
Androidဖုန်းတစ်​လုံးမှာrootမရှိရင်
ထောဂ်​ကျ​နေတဲ့လူသားတစ်​​ယောက်​လိုပါပဲ။ဘာလုပ်​လုပ်စည်းနဲ့၊ကမ်းနဲ့၊သူတို့ခိုင်းတာပဲလုပ်၊သူတို့​ကျွေးတာပဲစား​​နေရတဲ့ဘ၀။
Root​ဖောက်​လိုက်​တာဟာ​ထောင်​​ဖောက်​သလိုမျိုးပါ။စည်းကမ်းမဲ့သွားမယ်​။မိမိစိတ်​တိုင်းကျမိမိဘ၀ကိုချယ်​လှယ်​နိုင်​မယ်​။အနာဂါတ်​အိမ်​မက်​လှလှ​လေး​တွေမက်​နိုင်​မှာပါ။ဒါကလည်းမိမိနဲ့လည်းဆိုင်​ပါတယ်​။ထောင်​​ဖောက်​ထွက်​လာပြီးပျက်​စီးချင်​ရာပျက်​စီး၊မိမိစိတ်​အလိုကိုမ​ကောင်းတဲ့​နေရာ၊မဟုတ်​တဲ့​နေရာမှာသွားဦးစား​ပေးမိရင်​​တော့မိမိဘ၀(မိမိဖုန်းဘ၀)ဟာ
ပျက်​စီး​တော့မှာ​ပေါ့။
ထို့​ကြောင်​Root​ဖောက်​ပြီးလျှင်​​ကောင်း
မွန်​စွာအသုံးချပါ။မသိလျှင်​ရမ်းမလုပ်​ပါနဲ့။
အစားမ​တော်​တစ်​လုပ်​၊အသွားမ​တော်​တစ်​လှမ်းပါပဲ။တစ်​ကွက်​မှားတာနဲ့ဖန်​လုံး
(Firmware)ကျသွားမှာပါ။
    
      ဖန်​လုံး(Firmware)ကဘာတုန်း
ဖန်​လုံးဆိုတာဘာလဲဆို​တော့ကျွန်​​တော်​လည်းမ​ပြောတတ်​ဘူးဗျ။ဥပမာ​ပြောပြရင်
ဖန်​လုံးကို အူကလီစာ၊အသည်းနှလုံးလို့ပဲ
မှတ်​ယူကြရ​အောင်​ဗျာ။
ဖန်​တစ်​လုံးကိုမိမိကကလိလို့တစ်​ကွက်​မှားသွားလို့အူမကြီးတစ်​​ချောင်းကိုသွားထိမိရင်​အဲ့ဒီ့ဖုန်းကဆန့်​ငင်​ဆန့်​ငင်​နဲ့ဖုန်းပြန်​မပွင့်​လာ​တော့ပါဘူး။
ဒီလိုအချိန်​မျိုးမှာဆိုကျွန်​​တော်​တို့ကအူကလီစာအတွဲလိုက်​လဲ​ပေးရပါ​တော့မယ်​။မလဲ​ပေးရင်​အသက်​မရှင်​​တော့ဘူး​လေ။ဒါ​ကြောင့်​အူကလီစာကိုအသစ်​ပြန်​လဲ​ပေးရတာ​ပေါ့
တစ်​ချို့ကျ​တော့လည်းအူကလီစာကိုအ
သစ်​လဲတဲ့အ​နေနဲ့​နေရင်းထိုင်​ရင်းသွင်း​နေကြတာရှိပါတယ်​။Root​ဖောက်​တယ်​ဆို​တော့အဲ့ဒီ့အူကလီစာကိုပါကလိခွင့်
ရသွားပါတယ်​။ကလိတတ်​ရင်​​တော့အဲ့ဒီ့အသည်း​နေရာမှာရိုးရိုးအသည်းထည့်​မလား၊ရှယ်​အသည်းထည့်​မလား
ဒါမှမဟုတ်​အူကလီစာကို​ရွှေချမလား​ပေါ့။
မကလိတတ်​ရင်​​တော့အ​ပေါ်မှာ​ပြောသ
လိုအူပြတ်​ပြီး​သေတတ်​ပါတယ်​။
      ဖန်​လုံးကိုဘယ်​မှာရနိုင်​မလဲ
ဖန်​လုံးဘက်​မှာဆိုရင်​Samsungကရှာရ
လွယ်​ကူပါတယ်​။SamMobileဆိုတာအူ
ကလီစာ​တွေ​ရောင်းတဲ့ကုန်​တိုက်​ကြီးတစ်
တိုက်​​ပေါ့။SamMobileဆိုင်​မှာ​မွှေ​နှောက်
ပြီးရှာနိုင်​ပါတယ်​။ဒါမှမဟုတ်​googleဆို
တဲ့လမ်း​ဘေးဆိုင်​မှာကိုယ့်​ဖုန်းရဲ့နာမည်
ဥပမာ  Stanley Cnရဲ့အူကလီစာအတွဲ
၀ယ်​မယ်​လို့သာ​ရေးထည့်​လိုက်​ပါ အစု
လိုက်​အပြုံလိုက်​မှိုလို​ပေါက်​​အောင်​ထွက်​လာမှာပါ။ဒါကိုကSamsungဖုန်းရဲ့အားသာချက်​​ပေါ့ဗျာ။တရုတ်​android
ဖုန်း​တွေအတွက်​ကလီစာအတွဲရှာမယ်
ဆိုရင်​အဲ့​ဈေးတန်းမှာ​ပျောက်​သွားတဲ့ပိုက်​ဆံလိုပါပဲ။ပြန်​​တွေ့ချင်​ပြန်​​တွေ့မယ်​။မ​တွေ့
ချင်​မ​တွေ့ဘူး​ပေါ့ဗျာ။တွေ့သွားတဲ့လူက
လည်းမသိမသာသိမ်းထားတာမျိုးရှိတာ
ပေါ့။
      ဖန်​လုံးကနိုင်​ငံအမျိုးမျိုးရှိလား
သိပ်​ရှိတာ​ပေါ့ဗျာ။ထိုင်းကလီစာအတွဲက
မြန်​မာ​တွေနဲ့အသင့်​​တော်​ဆုံးပဲဗျ။သူက
Version အမြင့်​ဖုန်း​တွေဆိုမြန်​မာဘာသာ
တောင်​ပါလိုက်​​သေးတယ်​။ထိုင်းကလီစာ
ယူမလား၊ဗီယက်​နမ်​ကလီစာယူမလား၊
အိန္ဒယကလီစာယူမလား၊ဂျာမဏီကလီ
စာယူမလားအမျိုးမျိုးရှိပါတယ်​။
    ခုဏ​ပြောတဲ့Versionကဘာလဲ
ဪversionဆိုတာမြန်​မာလိုအဆင့်​လို့
ပဲမှတ်​ယူထားဗျာ။ဥပမာ  သူကြီးပြီး​တော့
သူကြီးသား​ပေါ့။သူကြီးသားပြီး​တော့သူ့
တပည့်​လူမိုက်​​တွေ​ပေါ။
အဆင့်​အတန်း​ပေါ့ဗျာ။ဟော့  Android
မှာဆိုversion2.3.6ယူမလား4.1.2ယူ
မလား4.2.2ယူမလား4.3,4.4.2,4.4.4
ယူမလားအဆင့်​အတန်းများစွာခွဲခြား
ထားပါတယ်​။အရင်​ကဆို4.4.4က
သမ္မတ​ပေ့ဗျာ။အခု5.0ထွက်​လာ​တော့
5.0ကသမ္မတဖြစ်​သွားပါတယ်​။Version
4.4.2အတွက်​ဆိုROM​တွေ​တောင်​ထွက်​ရှိ​နေပါပြီ။ကိုယ့်​ဖုန်းကိုနဂိုဝယ်​လာတဲ့ပုံတုံးကြီးနဲ့မကြည့်​ချင်​​တော့ဘူးဆိုအခြားနာမည်​ကြီးတဲ့ဖုန်းS5
တို့Note3တို့အဲ့ဖုန်း​တွေရဲ့ROM​လေး​တွေတင်​ပြီးကိုယ့်​ဖုန်းလည်းလန်းနိုင်​ပါပြ။ီ
ဒါ​တောင်​Samsungမှရတာ​နော်။
Rootအ​ကြောင်းသိ​လောက်​​ရော​ပေါ့။
Androidဖုန်းတစ်​လုံးကိုင်​​ဆောင်​ထားတဲ့သူဟာroot​ဖောက်​ထားမှသာစိတ်​ကြိုက်​လုပ်​​ဆောင်​နိုင်​ပြီးစပယ်​ရှယ်​အ​ကောင်းဆုံးsoftware​တွေအသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။တစ်​ချို့ကroot​ဖောက်​တာကိုမြန်​မာစာထည့်​ဖို့တစ်​ခုထဲအတွက်​ပဲသိထားကြတယ်​။ဖုန်းတစ်​လုံးကိုကိုယ်​၀ယ်​ထား​ပေမယ့်​rootမ​ဖောက်​က​သေးရင်​အဲ့ဖုန်းကိုကိုယ်​အပြည့်​အ၀မပိုင်​ဆိုင်​​သေးပါဘူး။root​ဖောက်​ပြီးမှသာစိတ်​ကြိုက်​systemအတွင်းပိုင်းထိဝင်​ကလိ၊၀င်​ပြီးပြင်​ဆင်​ခွင့်​ရမှာဖြစ်​ပါတယ်​။Root​ဖောက်​လိုက်​ရင်​ကိုယ့်​ဖုန်းကိုလုပ်​တတ်​လျှင်​လုပ်​တတ်​သ​လောက်​ပြင်​ဆင်​ခွင့်​ရမှာဖြစ်​ပါတယ်​။Rootောဖက်​ပြီးမြန်​မာ​ဖောင့်​သွင်​တယ်​ဆိုတာကလည်း
System fount floderထဲကိ
ဇော်​ဂျီ​ဖောင့်​သွင်းတာ​ပေါ့ဗျာ။အဲ့Systemထဲဝင်​ဖို့ကroot​ဖောက်​ထားမှဖြစ်​မှာမို့ပါ။Root​ဖောက်​ထားလို့ရမယ့်​အကျိုး​ကျေးဇူး​တွေက​တော့တစ်​ပုံကြီးပါ။ဆိုးကျိုးက​တော့ဝယ်​လာတုန်းကရခဲ့တဲ့အာမခံချက်​​လေးပျက်​သွားမှာပါ။တော်​ရုံFacebookသုံး၊ဗွီဒီယိုကြည့်​ရုံ​လေးဆိုရင်​​တော့root​ဖောက်​စရာမလိုပါဘူး။
Setting/Display/font styleမှာသွား
ချိန်း​ပေးရုံပါပဲ။ဒါ​တောင်​Browser,google,You tube,Myanmar apk​တွေမှာမြန်​မာလိုမြင်​ရမှာမဟုတ်​ပါဘူး။
Root​ဖောက်​ပြီးမြန်​မာစာရရှိလာခြင်းဟာroot​ဖောက်​လို့ရရှိလာမယ့်​အကျိုး​ကျေးဇူးရဲ၁ရာခိုင်​နှုန်းသာရှိပါတယ်​။ကုန်​ကုန်​​ပြောရရင်​root​ဖောက်​​စေချင်​တယ်​။Androidစက်​ရုပ်​ဖုန်းrootမရှိတာဟာဆားမပါတဲ့ဟင်းချိုတစ်​ခွက်​ကိုသူများ​ရှေ့မှာအိုက်​တင်​ခံပြီးထိုင်​​သောက်​ပြ​နေရသလိုပါပဲ။Rootမရှိတဲ့ဖုန်းဟာ​လေဖြတ်​​နေတဲ့သူတစ်​​ယောက်​လို၊အင်​တာနက်​မရှိတဲ့ကွန်​ပျူတာတစ်​လုံးလိုပါပဲ။
ဒီမှာတစ်​ခု​ပြောချင်​တာကတစ်​ချို့ကroot​ဖောက်​လိုက်​ရင်​ဆိုးကျိုး​တွေအများကြီးရှိလာနိုက်​တယ်​လို့ထင်​​နေကြတယ်​။Root​ဖောက်​လို့ဆိုးကျိုးမရှိပါဘူး။Rootမမှန်​ရင်​သာဆိုးကျိုးရှိနိုင်​တာပါ။Root​ဖောက်​လို့ဆိုးကျိုးရှိမယ်​ဆိုrootဆိုတဲ့​ဝေါဟာရ​ပေါ်လာမှာမဟုတ်​ပါဘူး။တစ်​ချို့ကroot​ဖောက်​ချင်​ရင်​Promyanmar rootတို့
V rootတို့Baidu rootအစရှိတဲ့တရုတ်​root​ဖောက်​တဲ့software​တွေကိုအသုံးပြုပြီး​ဖောက်​ကြပါတယ်​။
ပြသနာက​တော့ဒီမှာပါပဲ။တရုတ်​software​တွေနဲ့အလွယ်​လိုက်​ပြီးroot​ဖောက်​ခြင်းဟာ​ရေရှည်​မှာဆိုးက်ျိုးများပါတယ်​။ဘတ္ထရီပိုပူလာမယ်​၊အကုန်​မြန်​လာမယ်​၊ဖုန်း​လေးလာမယ်​၊ထစ်​လာမယ်​၊ဟန်းလာမယ်​၊​တွေးကြည့်​ရင်​အများကြီး  အများကြီး။သေချာ​လေ့လာကြည့်​ရင်​မသင့်​​တော်​ပါဘူး။ကိုယ့်​ဖုန်းကိုကိုယ်​ချစ်​တယ်​။ရေရှည်​မှာ​ကောင်း​ကောင်းသုံးချင်​တယ်​ဆိုရင်​​ပေါ့။တရုတ်​Androidစက်​ရုပ်​ဖုန်း​တွေကို​တော့မ​ပြောလို​ပေမယ့်​Samsungလိုအ​ကောင်းစားဖုန်း​တွေကိုတရုတ်​software​တွေနဲ့rootမ​ဖောက်​ပါနဲ့။Samsungကိုတရုတ်​နဲ့​ဖောက်​ခြင်းဟာကိုယ့်​သမီးကိုကုလားနဲ့​ပေးစားတာနဲ့အတူတူပါပဲ။Samsungဖုန်းများကိုဖြစ်​နိုင်​လျှင်​ကွန်​ပျူတာအသုံးပြုပြီးonlineကတစ်​ဆင့်​CF Auto Rootနဲ့ပဲrootကြပါလို့အကြံ​ပေးချင်​ပါတယ်​။Samsungကိုမှန်​ကန်​​သောroot​ဖောက်​နည်း​နောက်​တစ်​မျိုးကCWMသွင်းပြီးRoot Zipဖိုင်​ကိုCWMက​နေInstalleနည်းပါပဲ။ကွန်​ပျူတာအခက်​အခဲရှိရင်​​တောင်​ဆိုင်​မှာလုပ်​ခိုင်းသင့်​ပါတယ်​။တရုတ်​software​တွေနဲ့အလွယ်​လိုက်​ပြီး​ဖောက်​လိုက်​လို့​ရေရှည်​မှာပြသနာerrorတက်​ရင်​root​ကြောင့်​လို့တစ်​ချို့ကထင်​တယ်​။အမှန်​​တော့ကိုယ့်​အမှားပါ။
တစ်​ချို့ကဖုန်းကိုroot​ဖောက်​ပြီးလျှင်​ဖုန်းပိုပူလာတယ်​၊ပိုထစ်​လာတယ်​ဆိုပြီးUnroot
စက်​ရုပ်​ဖုန်းလက်​၀ယ်​ကိုင်​​ဆောင်​ထားလျှင်​root​softwareတစ်​ခုခုနဲ့rootပြန်​ထုတ်​တတ်​ကြတယ်​။ဒါမှားပါတယ်​မrootခင်​က​သေချာစဉ်းစားရမှာဖြစ်​ပါတယ်​။rootပြီးသားဖုန်းတစ်​လုံးကိုUnrootပြန်​လုပ်​ယုံနဲ့ဘာအကျိုး​ကျေးဇူးမှရရှိလာမှာမဟုတ်​ပါဘူး။သ​ဘောကအိုပြီးသွားတဲ့အပျိုတစ်​​ယောက်​ဟာပြန်​မပျို​တော့ပါဘူး။Rootမကြိုက်​လို့rootပြန်​ဖြုတ်​ချင်​ရင်​Firmwareသာအသစ်​ပြန်​တင်​လိုက်​ပါ။ဒီတစ်​နည်းပဲရှိပါ​တော့တယ်​။ဖောက်​ကြပါ။ဒါမှသူများလန်းသလိုကိုယ်​လည်းလန်းမယ်​။စိတ်​ကြိုက်​ချယ်​လှယ်​နိုင်​မယ်​။စိတ်​ကြိုက်​softwareသုံးနိုင်​မယ်​။အသိပညာဗဟုသုတတိုးပွား
      အဆင်​​ပြေကြပါ​စေ

Posted byေ၊ရာင်​ပြန်​​လေး(နည်းပညာ)

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -