ရောင်ပြန်လေး(နည်းပညာ)သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊
ရေးသားသူ : Anonymous Monday, October 3, 2016




တခါတရံမှာ ကျွှန်တော်တို့ရဲ့ ကွန်ပြူတာထဲကို  Antivirus ကတောင် မသိလိုက်ဘဲ Malware တွေ Virus တွေ ဝင်ရောက်နေနိုင်ပါတယ်။  ဘာဖြစ်လို့လည်းဆိုတော့ တကယ့်ကို ကောင်းမွန်လှပါတယ်ဆိုတဲ့ Antivirus တွေတောင် Powerful ဖြစ်လှတဲ့ နောက်ဆုံးထွက် Malware တွေ Virus တွေကိုထောက်လှမ်းနိုင်တဲ့ Database Update တွေ ချက်ချင်းမထုတ်ပေးနိုင်လို့ပါပဲ။ Antivirus က မထောက်လှမ်းနိုင်ပေမယ့် ကိုယ့်ကွန်ပြူတာမှာ Virus ဝင်နေပြီဆိုရင် ထင်ရှားတဲ့ အချက်ကလေးတွေတော့ ရှိပါတယ်။ အဲဒီအချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ရုတ်တရက်အားဖြင့် ကွန်ပြူတာနှေးကွေးသွားခြင်း

သိသာထင်ရှားတဲ့ ပထမအချက်ကတော့ Maleware တွေ Virus တွေ ဝင်ရောက်လာပြီဆိုရင် ကွန်ပြူတာဟာ ရုတ်တရက်အားဖြင့် နှေးကွေးသွားတတ်ပါတယ်။ Internet Speed တွေ ကျသွားတာမျိုး ရုတ်တရက် ရပ်တန့်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိမိရဲ့ ကွန်ပြူတာဟာ စွမ်းဆောင်ရည် မြင့်နေပြီးသား ဖြစ်နေရဲ့သားနဲ့  နှေးကွေးနေပြီဆိုရင်တော့ သတိထားသင့်နေပါပြီ။


၂။ Blue Screen of Death ဖြစ်ပေါ်ခြင်း

BSOD ဖြစ်ရခြင်းဟာလည်း ကွန်ပြူတာ အလုပ်ကောင်းကောင်း မလုပ်တော့တာ ဖြစ်နိုင်သလို Virus တွေ Malware တွေ ဝင်လာလို့လည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ သာမန် Error ထက် Malware တွေကြောင့် အဖြစ်များတာပါ။


၃။ Application  တစ်ခုကိုဖွင့်ရာတွင် အချိန်ကြာမြင့်နေခြင်း

အကယ်၍ ကိုယ့်ကွန်ပြူတာမှာရှိတဲ့ Application တစ်ခုကိုဖွင့်လိုက်တိုင်း အချိန်အနည်းငယ်ကြာအောင် စောင့်ရတယ်။ ပြီးတော့ Error Message တွေ တက်လာတာမျိုး ဖြစ်မယ်ဆိုရင် Virus ကြောင့်ဖြစ်နိုင်ပါတယ်။ အဲလိုမျိုးဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ကွန်ပြူတာကို Antivirus  ဖြင့် Scan ဖတ်ပေးဖို့တော့ လိုအပ်နေပါပြီ။ တစ်ခုရှိတာကတော့  Application  ရဲ့ Start Up Time ကြာခြင်းဟာ Virus ကြောင့်လို့တော့ တရားသေပြောလို့တော့ မရပါဘူး။


၎။ သတိပေးစာသား တစ်ခုရုတ်တရက် ထွက်ပေါ်လာခြင်း

တခါတလေ ကိုယ့်ရဲ့ ကွန်ပြူတာ  Monitor မှာ လိင်ပိုင်းဆိုင်ရာ ကြော်ငြာတွေ Sexy ပုံတွေ တက်နေပြီဆိုရင်တော့ ကွန်ပြူတာမှာ Error ရှိနေပါပြီဆိုတဲ့ သတိပေးကြော်ငြာတွေ ခဏခဏဖော်ပြနေပြီဆိုရင် Malware တစ်ခုခု ရှိနေနိုင်လို့ဘဲ ဖြစ်ပါတယ်။ Browser သုံးတဲ့အခါ Porn Website တွေဝင်မိရင်  များသောအားဖြင့် Popup Message တွေ တတ်လာသလိုမျိုးပါဘဲ။ အကောင်းဆုံးကတော့ အဲဒီကြော်ငြာတွေအပေါ်ကို Click လုံးဝ မထောက်လိုက်ပါနဲ့။ Browser မှာမဟုတ်ဘဲ ကွန်ပြူတာ Desktop  ပေါ်မှာ တက်လာပြီဆိုရင်တော့ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ Process ကိုရှာဖွေပြီး ရပ်တန့်ပစ်လိုက်သင့်ပါတယ်။


၅။ Firewall သို့မဟုတ် Antivirus များအလိုအလျောက် ပိတ်နေခြင်း

ကိုယ့်ကွန်ပြူတာမှာ Firewall တို့ Antivirus  တို့ အလိုအလျှောက် ပိတ်နေပြီဆိုရင်တော့ Virus တို့ Malware တို့ ရှိနေလို့ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Virus  ရေးတဲ့သူတွေက သူတို့ရဲ့ ဆက်နွယ်နေတဲ့ လုပ်ဆောင်ချက်တွေကို ထပ်သွားဖို့အတွက် အဆိုပါအရာတွေကို ပိတ်ပေးမယ့် Program တွေ ထည့်သွင်းပေးထားတတ်လို့ပါဘဲ။


၆။ မိမိမထည့်သွင်းထားသော Security Software  တစ်ခုခု ရောက်ရှိနေခြင်း

အပေါ်က အချက်နဲ့တော့ ပြောင်းပြန်လိုဖြစ်နေပါတယ်။ ကိုယ် Install မလုပ်ထားပေမယ့် Security  Program  တစ်ခုရှိနေပြီးတော့ Virus တွေအလိုအလျောက် Scan လုပ်ပြတာမျိုးတို့ ကိုယ့်ကွန်ပြူတာမှာ Error ရှိနေပြီဆိုသည့် သတိပေးပုံစံမျိုးတို့ ရုတ်တရက် ပြလာလို့ရှိရင်လည်း  Malware တစ်ခုခုရှိနေပါပြီ။ တကယ်လို့များ အဲဒီ Program ခိုင်းတဲ့အတိုင်း ကိုယ့်ကွန်ပြူတာကို Scan သွားလုပ်မိတာတို့ တခြားတစ်ခုခုကို ဖျက်လိုက်မိတာတို့ လုပ်လိုက်မယ် ဆိုရင်တော့  ကိုယ့်ရဲ့ အချက်အလက်တွေ အကုန်ပါသွားနိုင်သလို ထိန်းချုပ်ခံ သားကောင်ဘဝကို ရောက်သွားနိုင်ပါတယ်။  အဆိုပါ Security Program အတုအယောင်ကို ချက်ချင်းဖျက်သင့်ပါတယ်။


၇။ Forwarding Site

တခါတရံ Browser မှာ ကိုယ်က Google မှာရှာထားတဲ့ လင့်(Link) ကိုဖွင့်လိုက်တာပဲ။ ဒါပေမယ့် ရောက်သွားတာက တခြားတစ်နေရာ တစ်ခုခုဖြစ်နေတတ်ပါတယ်။ ကြော်ငြာဆိုဒ် (Website) တွေမှာ Click ထောက်မိသလိုမျိုး ပုံစံပါပဲ။ အဲဒီလိုဖြစ်နေမယ်ဆိုရင်လည်း Malware က Browser မှာရှိနေလို ဖြစ်နိုင်ပါတယ်။ Forwarding Site ဆိုတာက Flash တို့လို Plugin လိုအပ်ချက်တွေအတွက် ဒီဆိုဒ် (Website) မှာ Install လုပ်လို့မရလို့ တခြားနေရာကို သွားပြီး Install လုပ်ပါဆိုတာမျိုး အတွက်ပါဘဲ။ အဆိုပါ Forwarding Site လုပ်ဆောင်ပေးတဲ့ Maleware တွေက ဘယ်လို တည်ရှိနေနိုင်သလည်းဆိုတော့ Browser Plugin တစ်ခုအနေနဲ့ သို့မဟုတ် Code တစ်ခု အနေနဲ့လည်း တည်ရှိနေတတ်ပါတယ်။ သူ့ကို ဖျက်ချင်တယ်ဆိုရင် အကောင်းဆုံးကတော့  Browser Cache  တွေကိုဖျက်ပစ်တာတို့ History  တွေကိုဖျက်ပစ်ခြင်းနဲ့ မလိုအပ်တဲ့ Plugin တွေကိုဖြုတ်ပစ်သင့်ပါတယ်။


၈။ Internet Traffic လွန်စွာများပြားခြင်း

Malware အမျိုးအစားတွေက Botnet ဖြစ်မယ်ဆိုရင်  Internet ကိုလှမ်းချိတ်နေမှာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Internet speed က နှေးသွားမှာဘဲဖြစ်ပါတယ်။ သို့သော် Internet Traffic ကို ကြည့်လိုက်ရင်တော့ Data ပမာဏ လမ်းကြောင်းတွေ အများကြီး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီကိစ္စကို ပြေလည်စေချင်တယ် ဆိုရင်တော့  Traffic Monitor လိုမျိုး Network Portable Software တွေကို အသုံးပြုပြီးတော့ ကိုယ့် App တွေသွားတဲ့ Routing လမ်းကြောင်းတွေကို လိုက်ကြည့်ပြီး နောက်ကွယ်ကနေ လုပ်ပေးနေတဲ့ ဖိုင်တွေကိုရှာ ဖျက်သင့်တဲ့ဖိုင်ကို ဖျက်ပစ်လိုက်ရုံပါပဲ။


၉။ Social Media များမှ ထားရှိသော မူမမှန်သည့်လင့် (Link) များ

Social Media မှာတက်လာတဲ့ တချို့လင့် (Link) တွေကလည်း Virus လင့် (Link) တွေဖြစ်နေနိုင်ပါတယ်။ များသောအားဖြင့်တော့ Sex Video File တွေ ထူးထူးဆန်းဆန်း သတင်းတွေအနေနဲ့ လာတတ်ပါတယ်။ Click  မိလိုက်တာနဲ့ Password ကဲ့သို့သော အရေးကြီးသော အချက်အလက်များအတွက် Cookie တွေ ပါသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်မသိတဲ့သူတွေ ပေ့ခ်ျ (Pages) တွေဆီက လင့် (Link) တွေကို ကြည့်ရှုနေခြင်းက ရှောင်ကြဉ်သင့်ပါတယ်။


၁၀။ Shortcut File များဖြစ်ပေါ်နေခြင်း

တခါတလေမှာ ကိုယ့် Desktop ပေါ်မှာဘဲဖြစ်ဖြစ် Drive လိုနေရာမျိုးမှာဘဲဖြစ်ဖြစ် Drive Shortcut တစ်ခုကို တွေ့ရှိရတတ်ပါတယ်။ Drive Shortcut ကိုဖန်တီးတဲ့သူဟာ Stubborn Virus အမျိုးအစားတစ်ခုဖြစ်ပါတယ်။ လက်ရှိတော့အဲဒီ Virus အမျိုးအစားကို Antivirus ကတောင် ခုချိန်ထိ မကာကွယ်ပေးနိုင်သေးပါဘူး။

စာရူ့သူများအနေဖြင့် မိမိ တို့၏ ကွန်ပြူတာများကို ဖော်ပြပါ နည်းလမ်းများကို အသုံးပြုပြီး စစ်ဆေးကြည့်သင့်ပါတယ်။ အကယ်၍ ဖော်ပြပါ နည်းလမ်းများထဲမှ အနည်းဆုံး တစ်ချက် နှင့် ငြိစွန်းနေပါက စာရူ့သူ၏ ကွန်ပြူတာတွင် သေချာပေါက် Virus သို့မဟုတ် Malware တစ်ခုခုရှိနေပါပြီ။ အမြန်ဆုံး ဖယ်ရှားပစ်သင့်ပါကြောင်း အကြံပြုပေးလိုက်ပါရစေ။

Credit- Fr!d@y (MEHN Team)


ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -