ရေးသားသူ : Anonymous Thursday, February 23, 2017


LibreOffice ဟာ Default အနေနဲ့ ဖိုင်တွေကို သိမ်းဆည်းတဲ့အခါမှာ File Format ဟာ ODF ဆိုတဲ့ ဖိုင် အမျိုးအစားနဲ့ သိမ်းဆည်းပါတယ်။ LibreOffice ကနေ သိမ်းဆည်းလိုက်တဲ့ ဖိုင်တွေကို Microsoft Word ဖိုင်တွေမှာ ပြန်လည် အသုံးပြုမယ်ဆိုရင် Default File Format တွေနဲ့ကတော့ အဆင်ပြေစေလောက်မှာ မဟုတ်ပါဘူး။ LibreOffice ရဲ့ Default File Format ကို Microsoft Word မှာ အသုံးပြုတဲ့ .DOC ဖိုင်အဖြစ် သိမ်းဆည်းစေချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

LibreOffice ကိုဖွင့်ပါ။ LibreOffice ထဲက Tools Menu ကို နှိပ်ပြီး Options ဆိုတာကို ရွေးချယ်ပေးရပါမယ်။
Options ထဲကိုရောက်ပြီဆိုရင် Load/Save ဆိုတာကို ရွေးချယ်ပေးရပါမယ်။
Load/Save ကို ရွေးချယ်ပြီးရင် General ဆိုတာကို Select ပြုလုပ်ပေးရပါမယ်။
LibreOffice File Format ကို ပြောင်းလဲဖို့အတွက် Document Type ဆိုတဲ့နေရာမှာ Text Document ဆိုတဲ့ Option ကိုရွေးချယ်ပေးရပါမယ်။
Always save as ဆိုတဲ့ Drop down list နေရာမှာ Microsoft Word မှာ အသုံးပြုတဲ့ File Format ကို LibreOffice မှာ Save ပြုလုပ်တဲ့အချိန်တိုင်း Default Settings အဖြစ် အသုံးပြုချင်တယ်ဆိုရင် Microsoft Word 2007-2013 XML ဆိုတာကို ရွေးချယ်ပေးရပါမယ်။
အဆိုပါ File Format ကိုရွေးချယ်ပြီးပြီဆိုရင် Ok ကို နှိပ်ပြီး Options ထဲကနေ ထွက်ရပါမယ်။
Options ထဲကနေ ထွက်ပြီးပြီဆိုရင် LibreOffice မှာ New Document တစ်ခုကိုယူပြီး File ကို Save ပြုလုပ်ကြည့်ပါ။ Save ပြုလုပ်ရင် Save as Type ဆိုတဲ့နေရာမှာ ရွေးချယ်ထားခဲ့တဲ့ Microsoft Word 2007-2013 XML ဆိုတဲ့ ဖိုင် extension ကို Default အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။
အဆိုပါ အဆင့်တွေပြီးသွားပြီဆိုရင် LibreOffice ရဲ့ Default File Format ကို ပြောင်းလဲတဲ့ လုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါတယ်။
Ref: howtogeek

Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org







Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -