ရေးသားသူ : Anonymous Thursday, February 23, 2017


Microsoft ဟာ Windows 10 အတွက် ယခင်က Paint.exe ကို အဆင့်မြှင့်တင် ပေးလိုက်ရာ ယခုအခါမှာ 2D, 3D ရေးဆွဲနိုင်မယ့် Paint 3D အဖြစ် အဆင့်မြှင့်တင် ပေးလိုက်ပါတယ်။ Paint 3D ကို Windows 10 Insider Preview 14971 update ဖိုင်အမှတ်မှာ စတင်ပြီး update ပြုလုပ်ပေးလိုက်ပါတယ်။
အကယ်၍ Windows update မပြုလုပ်ဘဲ Paint 3D ကို သုံးစွဲချင်သူတွေအတွက်ကတော့ ဖော်ပြပါ နည်းလမ်းအတိုင်း download ပြုလုပ်၍ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Paint 3D ကို Windows Store ကနေ download ပြုလုပ်နိုင်မှာဖြစ်သလို http://gg.gg/48zvn ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေလည်း extension appx နဲ့ mspaint ဖိုင်ကို download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အဆိုပါ ဖိုင်ကို download ပြုလုပ်ပြီးတာနဲ့ Double-click နှိပ်လိုက်ပါ။ ဒါဆိုရင် Paint 3D ကို Install ပြုလုပ်သွားပါလိမ့်မယ်။ Install ပြုလုပ်တဲ့အချိန်ကို ခေတ္တစောင့်ဆိုင်း ပေးလိုက်ပါ။ အဆိုပါ အဆင့် ပြီးသွားပြီဆိုရင် Start Menu button ကနေ Paint 3D ဆိုတဲ့ keyword ကိုရိုက်ထည့်ပြီး Paint 3D ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
အကယ်၍ Windows 10 နောက်ဆုံး update သွင်းထားတဲ့သူတွေအနေနဲ့ Run box ကနေ mspaint ဆိုတဲ့ command နဲ့တင် Paint 3D ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ref: windowscentral

Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org







Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -